/လုပ်ငန်းအတွက်လိုအပ်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ

လုပ်ငန်းအတွက်လိုအပ်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ

Reading Time: 1 minute

ကိုယ်ဟာ ကိုယ်ပိုင်လုပ်ငန်းလုပ်တယ်ဆိုရင် ကိုယ့်လုပ်ငန်းကို လူတွေဆက်သွယ်နိုင်လို့ရမယ့် တံခါးတွေရှိဖို့လိုပါတယ်။ အခုနောက်ပိုင်းဆိုရင် အွန်လိုင်း စီးပွားရေးဖွံ့ဖြိုးလာတဲ့အတွက်ကြောင့် အင်တာနက်အပါအဝင် ကိုယ့်လုပ်ငန်းကိုဆက်သွယ်လို့ရနိုင်မယ့် ကွန်ရက်လမ်းကြောင်းတွေ လိုအပ်လာပါတယ်။

ကျွန်တော်တို့ ကိုယ်ပိုင်လုပ်ငန်းလုပ်ပြီဆိုတဲ့အတွက်ကြောင့် ကျွန်တော်တို့လုပ်ငန်းကို အလျင်မြန်ဆုံးဆက်သွယ်နိုင်မယ့် လမ်းကြောင်းတစ်ခုရှိတော့ရှိရပါမယ်။ သို့ပေတည့် လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် ကိုယ်ရေးကိုယ်တာနဲ့လည်း ပတ်သက်ဆက်နွယ်မှုနည်းပါးရပါလိမ့်မယ်။ နောက်တစ်ခုက ကျွန်တော်တို့ထဲက တစ်ယောက်ကများအဲဒီအလုပ်ကို မလုပ်နိုင်ခဲ့ဘူးဆိုရင် လုပ်ပေးမယ့်နောက်တစ်ယောက်လိုပါလိမ့်မယ်။

Website

အကောင်းဆုံးပြောပါဆိုရင်တော့ website ပါပဲ။ ကိုယ်လိုချင်တဲ့အချက်အလက်တွေကို စီကာပတ်ကုံးထည့်နိုင်သလို အသုံးပြုသူတွေကိုလည်း သတင်းနဲ့ပတ်သက်ပြီးမျှဝေတာ၊ တင်ပြတာတွေလုပ်နိုင်ပါတယ်။ တခြားဘာတွေပြောင်းပြောင်း website တွေကိုတော့ မပြောင်းသင့်ပါဘူး။

Facebook Pages Manager

ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ တကယ်ကိုလိုအပ်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာအတွက်လည်းအတော်ကောင်းသလို တစ်ယောက်မအားရင်လည်း နောက်တစ်ယောက်က အစားထိုးဖြေဆိုသွားနိုင်တဲ့အတွက်ကြောင့်ဆက်သွယ်တဲ့သူတွေလည်း ကျေနပ်နှစ်သက်ပါလိမ့်မယ်။

Email

ဘာ့ကြောင့် ဓာတ်ချောစာကို နောက်ဆုံးမှထည့်တာလည်းဆိုရင်တော့ သူဟာ မူလကတည်းက နံပါတ်၁ မို့လို့ နောက်ဆုံးကမှစင်ပေါ်တက်ရတဲ့ မော်ဒယ်လိုပဲ သဘောထားလိုက်ပါရစေ။ ဓာတ်ချောစာဟာ လူတိုင်းအတွက်အရမ်းကို အသုံးဝင်သလို လုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီးတော့လည်း အချက်အလက်မျှဝေပေးတဲ့နေရာမှာ အလွန်တစ်ရာကို အသုံးဝင်လှပါတယ်။ အလုပ်မှာ ပါဝင်တဲ့သူတိုင်းဟာ ဓာတ်ချောစာကို အနည်းနဲ့အများ ဂရုစိုက်ပြီး အသုံးပြုသူအသစ်တွေကို ရှာဖွေနိုင်ပါလိမ့်မယ်။

၂၀၀၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၁၀ တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ(ဂုဏ်ထူး) ဘွဲ့ဖြင့်အောင်မြင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ PHP, Laravel တို့ကို HTML5, CSS Developer အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မစတင်၍ Lovely Family Host ကို စတင်တည်ထောင်ပြီး Web Design, Development နှင့် Server Administration တို့ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနောက်ဆုံးတွင် Lovely Family Host တွင် တည်ထောင်သူနှင့် ဦးဆောင်လှုပ်ရှားသူအဖြင့် လုပ်ကိုင်လျက်ရှိပါသည်။