/လုပ်ငန်းထူထောင်သူတွေအတွက် မလုပ်မဖြစ် လုပ်ရမယ့် အလုပ်များ

လုပ်ငန်းထူထောင်သူတွေအတွက် မလုပ်မဖြစ် လုပ်ရမယ့် အလုပ်များ

Reading Time: 1 minute

ကိုယ်ပိုင်လုပ်ငန်းထောင်တယ်ဆိုတာ ပြောရတာလွယ်သလောက်လုပ်ရတာခက်တဲ့အမျိုးပါ။ သို့ပေမယ့် တစ်ဦးတစ်ယောက်တည်းပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေ စုပေါင်းပြီးတော့ပဲဖြစ်ဖြစ် ကိုယ်ပိုင်လုပ်ငန်းထောင်တော့မယ်ဆိုရင် အခုပြောမယ့်အရတွေဟာ ကံသေကံမကို လိုအပ်လှပါတယ်။ ကျွန်တော်ကတော့ ဒီအပိုင်းမှာ နည်းပညာပိုင်းကိုပဲ ဦးစားပေးပြီးပြောသွားပါ့မယ်။

အင်တာနက်စာမျက်နှာ

လုပ်ငန်းတိုင်းဟာ ရုံးခန်းလိုအပ်သလို အချက်အလက်တွေကို တမဟုတ်ချင်းပေးနိုင်ဖို့အတွက် အင်တာနက်စာမျက်နှာလိုအပ်ပါတယ်။ အဲဒီအင်တာနက်စာမျက်နှာတွေဟာ အချက်အလက်တွေကို လူတိုင်းလက်ထဲကို အမြန်ဆုံးရောက်နိုင်ပါတယ်။ လုပ်ငန်းကြော်ငြာတာကအစ နောက်ဆုံးရသတင်းအချက်အလက်တွေအဆုံး ပေးပို့နိုင်ပါတယ်။

တစ်ခါတစ်ရံမှာ ရုံးပိတ်ရက်တွေကိုလည်း ဖောက်သည်တွေကို ပေးသိဖို့လိုအပ်ပါတယ်။ အဲဒါမှ မနက်ညတွေမှာပြီးဖုန်းတွေဝင်လာတာမျိုးမဖြစ်မှာပါ။

လူမှုကွန်ရက်စာမျက်နှာ

အင်တာနက်ခေတ်ကြီးမှာ လူမှုကွန်ရက်စာမျက်နှာကို လူတိုင်းသုံးကြပါတယ်။ စီးပွားရေးနည်းပညာပိုင်းဆိုင်ရာအရကြည့်မယ်ဆိုရင် လူတန်းစားပေါင်းစုံဆီကို ကိုယ်လုပ်ငန်းရောက်စေချင်တယ်ဆိုရင် လူမှုကွန်ရက်တွေမှာ စာမျက်နှာဖွင့်ပြီးသုံးတာက ပိုပြီးတော့ထိရောက်ပါလိမ့်မယ်။

လုပ်ငန်းသုံးဖုန်း

လုပ်ငန်းသုံးဖို့အတွက် ဖုန်းလိုင်းတစ်ခုဟာ မထားမဖြစ်ထားသင့်ပါတယ်။ လာရမယ့်သူတွေ ဆက်သွယ်ရမယ့်သူတွေအတွက် လုပ်ငန်းသုံးဖုန်းတစ်လုံးဟာ သင့်အတွက်တော့ စူပါမန်းပါပဲ။ မိမိဖုန်းနဲ့တွဲမထားရင်ပိုကောင်းပါတယ်။ အဲဒါဆို ထွေရာလေးပါး ဖုန်းခေါ်ဆိုမှုတွေ ဝင်မလာတော့ပါဘူး။ ဒါပေမယ့် ၂၄ နာရီ ၇ရက်ဝန်ဆောင်မှုပေးချင်ရင်တော့ အဲဒီဖုန်းလေးကို ကိုင်ထားလိုက်ပါ။

လုပ်ငန်းသုံး ဓာတ်ချောစာ

ဓာတ်ချောစာဆိုတာ ဗြိတိသျှဘာသာစကားနဲ့ဆို email ကိုပြောတာပါ။ ဓာတ်ချောစာကိုလည်း လုပ်ငန်းသုံးအတွက်ဖွင့်ထားသင့်ပါတယ်။ အဲဒီလိုဖွင့်ထားခြင်းအားဖြင့် အသုံးပြုသူတွေဟာ စာပို့စာလက်ခံရတာ လွယ်ကူသလို ဖောက်သည်တွေအတွက်လည်း စာပို့စာယူလျှင်မြန်ပါလိမ့်မယ်။

လုပ်ငန်းဓာတ်ချောစာကို gmail, yahoo လိုဟာမျိုးထက်စာရင် ကိုယ့် အင်တာနက်လိပ်စာကိုနောက်ခံထားတဲ့လုပ်ငန်းဓာတ်ချောစာ ဆိုပိုကောင်းပါတယ်။ ဥပမာ- services@lovelyfamilymm.com ဆိုရင် ကျွန်တော်တို့ကို ဆက်သွယ်လို့ရတဲ့ ဓာတ်လိပ်စာပါပဲ။ အဲဒီလိုဟာမျိုးလိုအပ်ပါတယ်။

 

 

၂၀၀၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၁၀ တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ(ဂုဏ်ထူး) ဘွဲ့ဖြင့်အောင်မြင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ PHP, Laravel တို့ကို HTML5, CSS Developer အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မစတင်၍ Lovely Family Host ကို စတင်တည်ထောင်ပြီး Web Design, Development နှင့် Server Administration တို့ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနောက်ဆုံးတွင် Lovely Family Host တွင် တည်ထောင်သူနှင့် ဦးဆောင်လှုပ်ရှားသူအဖြင့် လုပ်ကိုင်လျက်ရှိပါသည်။