/ဒိုမိန်းအကြောင်းသိကောင်းစရာ

ဒိုမိန်းအကြောင်းသိကောင်းစရာ

Reading Time: 1 minute

ဒိုမိန်းအကြောင်းကို အမြဲတမ်းလိုလိုလည်းရေးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆိုက်က ခဏခဏပြန်ပြင်လိုက်ပြုတ်သွားလိုက်ဖြစ်နေတော့ စာတွေလည်း ဟိုရောက်ဒီရောက်တွေဖြစ်ကုန်ပြန်ရော ။ အဲဒါနဲ့ပဲ ဒီစာလေးကို ပြန်ရေးလိုက်ပါတယ်။

ဒိုမိန်းဆိုတာ အင်္ဂလိပ်စာကနေဆင်းသက်လာတဲ့ မွေးစာလုံးပါ။ မြန်မာစာအတိုင်း ဒိုမိန်းကို စာပြန်ရင် အင်တာနက်လိပ်စာလို့ဆိုပါတယ်။ တချို့လည်း အင်တာနက်စာမျက်နှာလိပ်စာလို့လည်း တပ်ကြပါတယ်။ ဒီမှာတော့ စာသွက်အောင် ဒိုမိန်းလို့ပဲပြောပါရစေ။

ဒိုမိန်းဆိုတာက စာတန်းလေးတစ်ခုပါပဲ.. www.google.com ဆိုတာလည်း ဒိုမိန်းပါပဲ.. www.yatanarpon.com.mm ဆိုတာလည်း ဒိုမိန်းပါပဲ။ များသောအားဖြင့် ဒိုမိန်းနာမည်တွေဟာ အင်္ဂလိပ်စာနဲ့ ရေးသားလေ့ရှိကြပါတယ်။ နောက်ပိုင်းမှာ တရုတ်နိုင်ငံသုံး ဒိုမိန်းတွေမှာတော့ တရုတ်ဘာသာစကားနဲ့ရေးသားနေပါပြီ။

ဒိုမိန်းမှာအဓိကအားဖြင့် ဝိသေသက ဒိုမိန်းဆိုတာ လိပ်စာစာတန်းလေးပါပဲ။ တခြားဘာမှမပါဘူး။ အဲဒီအတွက်ကြောင့် စာဖတ်သူဟာ ဒိုမိန်းတစ်ခုကိုပိုင်ဆိုင်လိုက်တယ်ဆိုရင် ဒိုမိန်းဝယ်တဲ့ကုမ္ပဏီက ပေးတဲ့ဝန်ဆောင်မှုကိုပဲရပါလိမ့်မယ်။ တခြားဘာမှမရေသးပါဘူး။ ပြီးမှ ကိုယ်နှစ်သက်တဲ့ ကုမ္ပဏီကနေတစ်ဆင့် လိုအပ်တဲ့အရာတွေကို ထပ်ပေါင်းထည့်ပေးရပါလိမ့်မယ်။

ဒိုမိန်းဟာအိမ်လိပ်စာပါပဲ။ အဲဒီလိပ်စာကိုရလိုက်တာနဲ့ သင်ဟာ အိမ်ပိုင်ဖြစ်သွားမယ်လို့ထင်ရင်တော့ တက်တက်စင်အောင်လွဲသွားပါလိမ့်မယ်။ ဒါပေမယ့် သင်အိမ်ဝယ်မယ်ဆိုရင်တော့ အိမ်လိပ်စာဟာ အရမ်းကို အရေးကြီးသွားပါပြီ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ အိမ်လိပ်စာကို အရယူကြတာပါ။

ဒိုမိန်းအမျိုးအစားခွဲကြရအောင်။ ဒိုမိန်းကို အောက်ပါအတိုင်းအမျိုးအစာ ခွဲလို့ရပါတယ်။

  • ပုံမှန်သုံးဒိုမိန်းများ
  • ကာလံဒေသံအခြေပြုဒိုမိန်းများ
  • လုပ်ငန်းအသေးစိတ်ဒိုမိန်းများ
  • အသစ်ထွက်ဒိုမိန်းများ တို့ဖြစ်ကြပါတယ်။

ပုံမှန်သုံးဒိုမိန်းများ

ပုံမှန်သုံးဒိုမိန်းဆိုတာက လူအတော်များများလျောက်ကြတဲ့ .com,.net,.org,.biz,.info ဆိုတာမျိုးတွေပါ။ သူတို့ကို လူတိုင်းကလည်းကြိုက်ကြတယ်။ လူအတော်များများကလည်းနှစ်သက်ကြတဲ့အတွက်ကြောင့် အခုထိတောင်မှာအများစုအသုံးပြုနေကြပါသေးတယ်။ တခြားမကြည့်နဲ့ ကျွန်တော်တို့ဆိုက်ကိုပဲကြည့်ပါလား။

ကာလံဒေသံအခြေပြုဒိုမိန်းများ

ကာလံဒေသံလို့ပြောလိုက်ရတာက ခေတ်အရထွက်ပေါ်လာတာထက် နေရာကို အခြေပြုပြီးတော့ထွက်လာတဲ့ ဒိုမိန်းတွေကို ခေါ်ပါတယ်။ ဒိုမိန်းမှာ .cn, .uk, .kr ဆိုတာဟာ သက်ဆိုင်ရာနိုင်ငံကိုကိုယ်စားပြုပါတယ်။ ဈေးလည်းအတိုင်းအတာတစ်ခုထိ မြင့်မားပါတယ်။ အဲဒီအတွက်ကြောင့် ကာလံဒေသံလို့ပြောလိုက်တာပါ။

လုပ်ငန်းအသေးစိတ်ဒိုမိန်းများ

လုပ်ငန်းအမျိုးအစားအလိုက် အသေးစိတ်တဲ့ ဒိုမိန်းအမျိုးအစားတွေထွက်လာပါပြီ။ ဒိုမိန်းတွေဟာ လုပ်ငန်းအလိုက်ကွဲပြားတော့ လူတွေအတွက် နောက်ပိုင်းမှာ ပိုလွယ်လာတယ်လို့ပဲထင်ပါတယ်။ .dentist, .engineer ဆိုတာမျိုးတွေဟာ နောက်ပိုင်း လူတွေရွေးချယ်သင့်တဲ့ ဒိုမိန်းတွေပါပဲ။

အသစ်ထွက်ဒိုမိန်းများ

အသစ်ထွက်လာတဲ့ ဒိုမိန်းတွေကတော့ များလာပါပြီ။ ဘယ်လိုဟာတွေလည်းဆိုတော့ .forsale ဆိုတာမျိုးပါ။ အင်္ဂလိပ်လိုတော့ rising domain လို့ခေါ်ပါတယ်။ သုံးမယ့်သူသိပ်မရှိသေးပေမယ့် လုပ်ငန်းအတွက် လိုအပ်တယ်ထင်ရင် သုံးလို့ရတာမျိုးပါ။ တကယ်လို့များစိတ်ဝင်စားရင် Lovely Family Host မှာအခု လတ်လတ်ဆတ်ဆတ်ကို အရောင်းမြှင့်ထားတာရှိပါတယ်လေ။

အခု ဒီအမျိုးအစားလေးတွေကို ကြည့်တာနဲ့တင်အတိုင်းအတာတစ်ခုလောက်ထိတော့ ဒိုမိန်းအကြောင်းကို ဂဃနဏ နားလည်သွားမယ်လို မျှော်လင့်မိပါရဲ့။ တစ်စုံတစ်ခု အခက်အခဲရှိရင်လည်း ကူညီပေးဖို့ အသင့်ရှိပါတယ်ခင်ဗျား..

၂၀၀၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၁၀ တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ(ဂုဏ်ထူး) ဘွဲ့ဖြင့်အောင်မြင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ PHP, Laravel တို့ကို HTML5, CSS Developer အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မစတင်၍ Lovely Family Host ကို စတင်တည်ထောင်ပြီး Web Design, Development နှင့် Server Administration တို့ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနောက်ဆုံးတွင် Lovely Family Host တွင် တည်ထောင်သူနှင့် ဦးဆောင်လှုပ်ရှားသူအဖြင့် လုပ်ကိုင်လျက်ရှိပါသည်။