/WordPress ထဲက theme တွေကို ဖျက်ကြမယ်

WordPress ထဲက theme တွေကို ဖျက်ကြမယ်

Reading Time: 1 minute

WordPress ဆိုတာ ကျွန်တော်တို့ စာရေးဖို့အမြဲသုံးနေတယ့်အရာလေးပေါ့။ အဲဒီမှာ ထူးခြားတဲ့အချက်ကလေးတစ်ခုက ကိုယ်ရုပ်မြင်ချင်တဲ့အတိုင်း theme တွေကိုပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့်တစ်ခုယူလာရင် နောက်တစ်ခုကိုဖြေရှင်းရပါတယ်။ theme အပိုတွေကို ဘယ်လိုပယ်မလဲ။

wordpress ကိုယ်တိုင်က theme ၄ခုလောက် မူရင်းထည့်ပေးထာပါတယ်။ twenty twelve ကစပြီး twenty seventeen လောက်အထိကို နှစ်အလိုက်က wordpress ကပဲထွက်တာပါ။ ကျန်တာကမထွက်ပါဘူး။

လိုရင်းကတော့ theme ဖျက်မှာဆိုတော့ ဘယ်ကနေဖျက်ရမလဲဆိုတာလည်းသိဖို့ကလိုသေးတယ်ဟုတ်။ လွယ်ပါတယ်။ Appearance အောက်က theme ထဲကိုသွားလိုက်ပါ။

ပုံပါအတိုင်းတွေ့ရပါလိမ့်မယ်။

အဲဒီမှာ ကိုယ်ဖြုတ်ချင်တဲ့ theme ကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ ကိုယ်ဖြုတ်ချင်တဲ့ theme ကိုကြည့်လိုက်ပြီး theme detail ကိုနှိပ်လိုက်ပါ။

အဲဒီအောက်မှာ Delete ဆိုတာလေးရှိပါတယ်။ delete ကိုရွေးလိုက်ပါ။ အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။

ဖျက်ဖို့သေချာတယ်ဆိုရင် OK ကိုရွေးလိုက်ပါ။ မဖျက်ချင်ဘူးဆိုရင်တော့ Cancel ကိုရွေးလိုက်ပါ။

ဖျက်ပြီးသွားတဲ့အချိန်မှာတော့ ကိုယ်ဖျက်လိုက်တဲ့ theme နေရာမှာ မရှိတော့ပဲ အခြား theme တွေပဲကျန်နေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

theme ဖြုတ်လို့ရတယ်ဆိုတော့ စမ်းကြည့်လိုက်ကြပါဦး။ ဘာကွိုင်တက်သလဲဆိုတာကိုပါ ပြန်ပြောပြကြပါဦးနော်။

၂၀၀၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၁၀ တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ(ဂုဏ်ထူး) ဘွဲ့ဖြင့်အောင်မြင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ PHP, Laravel တို့ကို HTML5, CSS Developer အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မစတင်၍ Lovely Family Host ကို စတင်တည်ထောင်ပြီး Web Design, Development နှင့် Server Administration တို့ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနောက်ဆုံးတွင် Lovely Family Host တွင် တည်ထောင်သူနှင့် ဦးဆောင်လှုပ်ရှားသူအဖြင့် လုပ်ကိုင်လျက်ရှိပါသည်။