/Hosting ဝယ်ရင်တောင်းသင့်တဲ့အချက်အလက်များ

Hosting ဝယ်ရင်တောင်းသင့်တဲ့အချက်အလက်များ

Reading Time: 1 minute

အစကတော့ ဒါလေးကို ရေးဖြစ်မယ်လို့မထင်ထားမိပါဘူး။ ဒါပေမယ့်ခေါင်းထဲရောက်လာလိုက်တော့လည်း ရေးဖြစ်သွားတာပါပဲ။ လူတိုင်း အင်တာနက်ပေါ်တက်လာနေတဲ့ခေတ်ကြီးမှာ ကိုယ်လည်း အွန်လိုင်းတက်မယ်ဆိုရင် သိထားသင့်တဲ့အကြောင်းအရာလေးတွေကို မျှဝေတာပါ။

ပထမဆုံး ဝဘ်ဆိုက်တစ်ခုမှာ Domain နဲ့ Hosting ဆိုပြီးတော့ အကြမ်းဖျဥ်းခွဲထားပါတယ်။ အဲဒီအတွက်ကြောင့် အဲဒါ ၂ခုရသင့်တယ်လိုထင်ပါတယ်။ ဒိုမိန်းနာမည်ကိုတော့ နှစ်သက်ရာကိုရွေးချယ်နိုင်ပြီး hosting ပိုင်းနဲ့ပတ်သက်ပြီး အဓိကပြောပါ့မယ်။

Hosting မှာ ၃ မျိုးရှိပါတယ်။ Shared Hosting, Cloud Hosting နဲ့ Dedicated Hosting ဖြစ်ပါတယ်။

Shared Hosting ဝယ်လိုက်တယ်ဆိုရင် ပထမဆုံးအနေနဲ့ ကိုယ့်ဆိုက် ဒိုမိန်းနဲ့ဝင်ရမယ့်လိပ်စာလိုပါတယ်။ ပထမဆုံး user credentials တွေလိုပါတယ်။ ဘယ်နေရာကနေ ကိုယ်ဆိုက်ကို ဝင်ထိန်းလို့ရရမယ်။ ထိန်းရမယ့် software အမျိုးအစားက ဘာလဲဆိုတာ သိရဖို့လိုပါတယ်။ များသောအားဖြင့် Cpanel, Directadmin တို့ဖြစ်တတ်ပါတယ်။ တခြားအမျိုးအစားတွေလည်းရှိပါတယ်။

Cpanel username/password တောင်းထားပါ။

ဆိုက်တော်တော်များများဝန်ဆောင်မှုပေးတဲ့နေရာမှာ cpanel ကိုပေးကြတာများပါတယ်။ ဒါပေမယ့် username + password မသိရင် ကိုယ့်ဆိုက်ကို ဘယ်လိုထိန်းရမလဲဆိုတာ သိရမှာမဟုတ်ပါဘူး။ အဲဒီအတွက်ကြောင့် username+password အပြင် ကိုယ် login ဝင်ရမယ့် panel URL ကိုပါ တောင်းထားသင့်ပါတယ်။ ကိုယ့်ဆိုက်ကို ဘယ်ကဝင်ရမလဲဆိုတာသိအောင်ပေါ့။

တခြား software အပ်ထားရင် အဲဒါတွေလည်းသိဖို့လိုပါတယ်။

Cpanel ထဲကို ဝင်ရမယ့် username, password  ရပြီဆိုရင် login စဝင်လို့ရပါပြီ။ ဒါပေမယ့်ပြီးမသွားသေးပါဘူး။ ကိုယ့်ဆိုက်ကို တခြားသူတစ်ယောက်နဲ့တင်ထားတယ်ဆိုရင် software ထပ်တင်ထားရတာတွေရှိပါတယ်။ အထင်ရှားဆုံးကတော့ wordpress ပေါ့။ အဲဒါဆို wordpress username+password ထပ်လိုပါတယ်။

ပြင်ဆင်စရာတွေကိုလည်းပြင်ထားပါ။

ဆိုက်ကို အများသုံးမှာဖြစ်တဲ့အတွက် အချက်အလက်တွေဟာလည်းအရေးကြီးပါတယ်။ မပေါ့ဆလိုက်ပါနဲ့။ ဆိုက်ကို အမြဲတစေ backup လုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ့်ဆိုက်ကို ကိုယ်ကိုယ်တိုင် backup လုပ်ထားဖို့လည်း လမ်းညွှန်လိုက်ပါရစေ။ ဒါမှ ကိုယ့်ဆိုက်တစ်ခုခုဖြစ်သွားတဲ့အချိန်မှာအဆင်ပြေမှာဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၁၀ တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ(ဂုဏ်ထူး) ဘွဲ့ဖြင့်အောင်မြင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ PHP, Laravel တို့ကို HTML5, CSS Developer အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မစတင်၍ Lovely Family Host ကို စတင်တည်ထောင်ပြီး Web Design, Development နှင့် Server Administration တို့ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနောက်ဆုံးတွင် Lovely Family Host တွင် တည်ထောင်သူနှင့် ဦးဆောင်လှုပ်ရှားသူအဖြင့် လုပ်ကိုင်လျက်ရှိပါသည်။