/Linux မှာ Windows ဖိုင်တွေကိုဖွင့်လို့ရမယ့် Software များ

Linux မှာ Windows ဖိုင်တွေကိုဖွင့်လို့ရမယ့် Software များ

Reading Time: 1 minute

Windows ကနေ Linux ကိုပြောင်းလိုက်ရတာဟာ ဝါသနာအရဖြစ်ပေမယ့် တစ်ခါတစ်ရံမှာတော်တော်ကို ဒုက္ခရောက်ပါတယ်။ ကိုယ်ဖွင့်ချင်တဲ့ဖိုင်တွေကလည်း Windows မှာကျန်နေ၊ စက်ကလည်း Linux ကိုပြောင်းလိုက်တဲ့အတွက်ကြောင့်တစ်ခါတလေမှာ ပိုပြီးတော့တောင်အခက်အခဲတွေ့ရပါတယ်။ အဲဒီတော့ Linux မှာ Windows ဖိုင်တွေကို ဖွင့်လို့ရမယ့် apps လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Libre Office

အရင်ကတုန်းတည်းက OpenOffice ဆိုရင်းနှီးခဲ့တယ်ဆိုရင်တော့ ပိုကောင်းပါတယ်၊ ပိုကျန်းမာတယ်ဆိုတဲ့အတိုင်း Libreoffice က ပိုပြီးကောင်းပါတယ်။ နောက်ပိုင်းမှာ OpenOffice ကိုအစားထိုးပြီး နေရာယူလာလိုက်ရင်းက အခုဆိုရင် နေရာတစ်ခုမှာရပ်တည်နိုင်ပြီလို့ဆိုနိုင်ပါတယ်။

Word, Excel, Powerpoint အပါအဝင် corel Draw လိုအလုပ်မျိုးကိုပါ အစားထိုးလုပ်နိုင်တဲ့အတွက်ကြောင့် သွက်လက်ပေါ့ပါးပြီး အလုပ်ပိုလုပ်နိုင်ပါတယ်။

အားသာချက်။   ။ ပိုပေါ့ပါးပြီး စက်မျိုးစုံမှာ သုံးနိုင်ပါတယ်။ နောက်ဆုံး  USB Stick လိုမျိုးနဲ့တောင် ထည့်ပြီးသုံးနိုင်ပါတယ်။

အားနည်းချက်။   ။ Feature အားနည်းချက်ရှိပါတယ်။ ဒီနေ့အထိ Word 2003 ရုပ်လောက်နဲ့ပဲသွားနေသေးတုန်းပါ။

အဆင်ပြေမှု။  ။ ၇၀ ရာခိုင်နှုန်းလောက်ပဲ အဆင်ပြေပါမယ်။ ပုံတွေမှာ Layout ပြဿနာတွေရှိနေပါတယ်။ နောက်ခံတွေပါလာရင် တက်မလာတတ်ပါဘူး။

လိပ်စာ ။   ။ www.libreoffice.org


GIMP

ဓာတ်ပုံမှာ Photoshop ပြီးရင်အကောင်းဆုံးလို့ပြောရလောက်တဲ့အထိကောင်းပါတယ်။ ဓာတ်ပုံကို ပြင်ဆင်တာ တည်းဖြတ်တာ ဒီဇိုင်းဆွဲတာအပါအဝင် Web ပိုင်းကိုပါ ကိုင်တွယ်နိုင်လောက်အောင်ကောင်းတဲ့ software တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့တော့ gimp ကို အတော်များများသုံးဖြစ်ပါတယ်။ အခမဲ့ဖြစ်တာလည်းပါတာပေါ့။

အကောင်းဆုံးဆိုရင်တော့ ကျွန်တော်အကြိုက်ဆုံးထဲမှာပါပါတယ်။ Photoshop နီးပါးကောင်းတာရယ်။ ပေါ့ပါးတာရယ်ကတော့ ပြောစရာမလိုလောက်အောင်ပါပဲ။

အားသာချက်။ ။ ပေါ့ပါးတယ်။ OS ပေါင်းစုံမှာအလုပ်လုပ်ပါတယ်။ လုပ်ကိုင်နိုင်စွမ်းမြင့်မားတယ်။

အားနည်းချက်။  ။ memory စားသုံးမှုဟာ ဆိုက်ပေါ်မှာမူတည်ပြီးအရမ်းကိုမြင့်မားပါတယ်။ ဥပမာ – Pamphlet တစ်ခုကိုထုတ်ဖို့အတွက်အနည်းဆုံး System Memory 2GB လောက်ရှိမှ အလုပ်လုပ်နိုင်ပါတယ်။

အဆင်ပြေမှု။   ။ PSD ဖိုင်တွေကို ၆၀ ရာခိုင်နှုန်းလောက်ပဲထောက်ပံ့နိုင်ပါတယ်။

လိပ်စာ။   ။  gimp.org


Inkscape

Corel Draw သုံးဘူးတယ်။ ဒီဇိုင်းပိုင်းကို ချစ်မြတ်နိုးတယ်ဆိုရင်တော့ Inkscape က အဖော်မွန်ကောင်းတစ်ဦးဖြစ်ပါလိမ့်မယ်။ အသုံးဝင်တဲ့ Feature များစွာပါဝင်ပြီးတော့ ဒီဇိုင်း၊ လိုဂိုနဲ့ အခြားသော ပုံထုတ်တဲ့လုပ်ငန်းစဥ်များကို ပြုလုပ်နိုင်တဲ့လုပ်ငန်းစဥ်တွေကို Inkscape က ထောက်ပံ့ပေးပါတယ်။

ကောင်းလာမကောင်းလားဆိုရင်တော့ ဆွဲထားတာပဲကြည့်ပါလို့ဆိုချင်ပါတယ်။ အကောင်းဆုံးကတော့ svg ဖိုင်အနေနဲ့ထွက်တဲ့အတွက်ကြောင့် ဖိုင်ဆိုက်ကြီးသွားလည်းရုပ်ထွက်ကတော့လှနေတုန်းပါပဲ။ အဲဒီလိုကောင်းတဲ့ဟာလေးကို စမ်းသုံးကြည့်သင့်တယ်လို့ပဲညွှန်းလိုက်ပါရစေ။

အားသာချက်။ ။ ပေါ့ပါးပါတယ်။ လျင်မြန်ပြီးအလုပ်လုပ်နိုင်စွမ်းမြင့်မားပါတယ်။

အားနည်းချက်။ ။ Mac မှာသွင်းရင် အားနည်းချက်တွေအများကြီးရှိပါတယ်။

အဆင်ပြေမှု။  ။ အာမခံချက်မပေးနိုင်ပါ။

လိပ်စာ။​   ။ www.inkscape.org


Scribus

ပေါ့သေးသေးလို့တော့မတွက်လိုက်ပါနဲ့။ အရင်တုန်းက adobe Pagemaker ကို ကိုင်လှုပ်နိုင်ခဲ့တဲ့ Opensource app ပါ။ မဂ္ဂဇင်း၊​စာပေတွေကို အမြန်ဆုံးနည်းနဲ့ရိုက်ထုတ်နိုင်မယ့် DTP Software ဆိုလည်းမမှားပါဘူး။ အလွန်ကောင်းတဲ့ software ပါ။ ဒါပေမယ့်နည်းနည်းတော့သင်ရမှာလေးတွေလည်း ရှိတယ်ဆိုတာတော့ တင်ကြိုပြီး စကားပလ္လင်ခံလိုက်ပါရစေ။

ကောင်းတာတွေမကောင်းတာတွေ မရေးတော့ပါဘူး။ သူ့ဟာနဲ့သူဖြစ်နေလို့ပါ။

လိပ်စာကတော့ www.scribus.net မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

ဒီစာရင်းလောက်ဆိုရင် အားလုံးအဆင်ပြေချောမွေ့ကြမယ်ထင်ပါတယ်။ အခက်အခဲများပြေလည်နိုင်ကြပါစေ။

၂၀၀၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၁၀ တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ(ဂုဏ်ထူး) ဘွဲ့ဖြင့်အောင်မြင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ PHP, Laravel တို့ကို HTML5, CSS Developer အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မစတင်၍ Lovely Family Host ကို စတင်တည်ထောင်ပြီး Web Design, Development နှင့် Server Administration တို့ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနောက်ဆုံးတွင် Lovely Family Host တွင် တည်ထောင်သူနှင့် ဦးဆောင်လှုပ်ရှားသူအဖြင့် လုပ်ကိုင်လျက်ရှိပါသည်။