/Mac အတွက်အကောင်းဆုံး software ၁၀ ခု

Mac အတွက်အကောင်းဆုံး software ၁၀ ခု

Reading Time: 1 minute

Mac ကိုဝယ်လာလိုက်ပါပြီတဲ့။ software တွေကလည်း အသင့်မဖြစ်သေးဘူး။ ဘာတွေထည့်ရမှန်းမသိသေးဘူးဆိုရင်တော့ ဒီ topic ဟာ သင့်အတွက်ဖြစ်သွားပါပြီ။ ကျွန်တော်တို့က Mac တင်ပြီးပြီးချင့်ထည့်ရမယ့် software တွေအကြောင်းကိုတင်ပြပေးသွားမှာပါ။

Office Suite

Office Suite ထဲမှာဆိုရင် Pages, Keynote, Numbers ဆိုတာ Mac ထဲမှာအကောင်းဆုံးသော package တွေပါပဲ။ အခမဲ့ရရှိနိုင်ပြီး Apple ရဲ့ ငယ်မွေးခြံပေါက်တွေဖြစ်တဲ့အတွက်ကြောင့် စက်နဲ့တော်တော်ကိုကိုက်ညီပါတယ်။ App Store ကနေရယူနိုင်ပြီး ဒေါင်းလုပ်ဆွဲလိုက်ရင်တော့ အချိန်နည်းနည်းပေးရပါလိမ့်မယ်။

Productivity

ကိုယ့်အလုပ်ချိန်ကို အတိုင်းအတာနဲ့ထားချင်တယ်ဆိုရင် အလုပ်ချိန်ကိုသတ်မှတ်ပေးနိုင်တဲ့ software ရှိပါတယ်။ Tomato One လို့ခေါ်ပြီး app store ကနေ အခမဲ့ ဒေါင်းလုပ်ရယူနိုင်တဲ့ software တွေဖြစ်ပါတယ်။

E-mail

သူ့မှာ မူရင်းကတည်းက Apple Mail ဆိုတာရှိပါတယ်။ တခြား mail client တွေကိုစိတ်မဝင်စားပဲ မူရင်းကိုပဲသုံးမယ်ဆိုရင်တော့ Apple Mail ကို လက်တို့လိုက်ပါရစေ။ တကယ်ကောင်းလို့တကယ်ညွှန်းလိုက်ပါတယ်။

Antivirus

Mac ဟာ အရင်တုန်းက အပိတ်စနစ်ဖြစ်ခဲ့ဘူးတာကြောင့် Mac ကိုတိုက်ခိုက်မှု အလွန်များပါတယ်။ အဲဒီအတွက်ကြောင့် Antivirus လေးကောင်းကောင်းဆောင်ထားဖို့လည်း လိုအပ်ပါတယ်။ ချက်ချင်းဆိုရင်တော့ အကောင်းဆုံးအခမဲ့ဆိုရင် Avira ကိုညွှန်းဆိုပါတယ်။ သူက ဈေးတွက်တွက်တဲ့ပုံစံလေးတွေကို မြင်ရတောကြောင့် သင့် virus တွေကို အချိန်မှီရှင်းလင်းနိုင်မှာပါ။

Multimedia

လူတိုင်းဟာ သီချင်းရုပ်ရှင်ပိုင်းကို နားထောင်ချင်ကြတာပါပဲ။ အဲဒီအတွက်ကြောင့် VLC နဲ့ iTUNES က မရှိမဖြစ်လိုအပ်ပါတယ်။ ဖြစ်နိုင်ရင်တော့ ၂ခုစလုံးကိုသွင်းထားစေလိုပါတယ်။ Quicktime player လည်းပါလာမှာမို့ မပါရင်သွင်းထားလိုက်တာအကောင်းဆုံးပါ။

Browser

အင်တာနက်တမ်းတက်မယ်ဆိုရင် Safari ပါပြီးသားပါ။ မူရင်းကတည်းက မြန်ကောင်းသက်သာဖြစ်တဲ့အတွက်ကြောင့် အဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ခုတည်းနဲ့မရပ်လိုက်ပါနဲ့ဦး။ Chrome, Firefox တို့ကလည်း လက်သွက်နေပြီလေ။ သူတို့ကိုလည်း သွင်းပြီးစမ်းကြည့်ပါဦး။

Download Manager

Download တွေဟာ Browser တွေမှာ မမြန်ဘူးဆိုတာကို လူတိုင်းရိပ်စားမိမယ်ထင်ပါတယ်။ အဲဒီအတွက်ကြောင့် Download Manager တစ်ခုသွင်းထားသင့်ပါတယ်။ ကျွန်တော်ကတော့ xdm ကိုသွင်းပါတယ်။ အဲဒါမှ ပိုပြီးအလုပ်ဖြစ်မယ်လေ။ သူက Youtube ကိုပါ ဒေါင်းလို့ရတော့ မိုက်တာပေါ့။

Time Machine

ကိုယ့်မှာ HDD အပိုတစ်လုံးရှိတယ်ဆိုရင် သေချာပေါက်ဖွင့်ထားသင့်ပါတယ်။ စက်ကို နေ့ရောညပါ backup လုပ်ထားမှာဖြစ်တဲ့အတွက်ကြောင့် သင့် Mac ဟာ အသစ်ပဲလဲလဲ အဟောင်းပဲပျက်ပျက် သင့်အတွက်အချက်အလက်တွေက မိတ္တူပွားပြီးသား ရှိနေမှာပါ။

CD Writer

သင့်စက်မှာပါတဲ့ CD writer software ဟာ အကောင်းဆုံးလို့ထင်မယ်ဆိုရင်တော့ နဖူးသာရိုက်လိုက်ပါတော့။ အဲဒါကလည်း အရေးနဲ့အရာနဲ့ဆိုလိုအပ်လှတာမို့သွင်းထားသင့်ပါတယ်။ ပြီးရင် လိုတဲ့အချိန်သုံးပေါ့။

utilities

တခြားလိုအပ်တာတွေကိုလည်း သွင်းထားသင့်ပါတယ်။ ဒါပေမယ့် your mac is infected ဆိုတဲ့စာသားလောက်နဲ့တော့ ပျာမသွားပါနဲ့။ အဲဒါတွေက ၁၀၀ မှာ ၉၀ ရာခိုင်နှုန်းလောက် အလိမ်တွေမို့ပါ။ အဲဒီအတွက်ကြောင့် လိုအပ်တဲ့ tools တွေကိုသွင်းထားသင့်ပါတယ်။

၂၀၀၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၁၀ တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ(ဂုဏ်ထူး) ဘွဲ့ဖြင့်အောင်မြင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ PHP, Laravel တို့ကို HTML5, CSS Developer အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မစတင်၍ Lovely Family Host ကို စတင်တည်ထောင်ပြီး Web Design, Development နှင့် Server Administration တို့ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနောက်ဆုံးတွင် Lovely Family Host တွင် တည်ထောင်သူနှင့် ဦးဆောင်လှုပ်ရှားသူအဖြင့် လုပ်ကိုင်လျက်ရှိပါသည်။