/Sublime အတွက် အသုံးဝင်မယ့် shortcut များ

Sublime အတွက် အသုံးဝင်မယ့် shortcut များ

Reading Time: 1 minute

Developer သမားတွေမှာ Web Development ပိုင်းကိုသွားမယ့်သူတွေအားလုံးလိုအပ်တာကတော့ Sublime Text ဆိုတာ တစ်ရာမှာ ကိုးဆယ်ရာခိုင်နှုန်းလောက်က ငြင်းမယ်မထင်ပါဘူး။ အဲဒီတော့ sublime Text မှာ အသုံးဝင်တဲ့ shortcut လေးတွေကိုတင်ပြပေးလိုက်ပါတယ်။

Ctrl + N

ဖိုင်အသစ်ဖွင့်ဖို့အတွက်အသုံးပြုပါတယ်။ Project Folder ထဲမှာဆိုရင် Project အတိုင်းလိုက်ဖွင့်ပေးမှာဖြစ်ပြီးတော့ မရှိဘူးဆိုရင်တော့ home directory ကိုခေါ်ပေးမှာဖြစ်ပါတယ်။

Ctrl + O

sublime မှာဖိုင်တွေကိုဖွင့်ဖို့သုံးတာဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုက Mac မှာဆိုရင် project folder ကို တိုက်ရိုက်ဖွင့်နိုင်ပါတယ်။ တခြား ကီးတွေကို နှိပ်စရာမလိုပါဘူး

Ctrl + S

သိမ်းတာပါပဲ။ software တော်တော်များများအတွက် တူညီနေတဲ့အတိုင်း သိမ်းဆည်းတာပါပဲ။

Ctrl + Shift + S

သိမ်းတဲ့နေရာမှာမတူတော့ပါဘူး။ ဖိုင်အသစ်ကိုဖွင့်ဖို့အတွက် တမင်ထည့်သွင်းထားတာဖြစ်ပါတယ်။

Ctrl + K + B

ဘေးက folder view လေးဟာတစ်ခါတလေမှာ အကြောင်းတစ်ခုကြောင့် ဖျောက်ချင်တာပဲဖြစ်စေ၊ ပျောက်သွားတာပဲဖြစ်စေ သုံးလို့ရတဲ့ Key လေးတစ်ခုဖြစ်ပါတယ်။

Ctrl + F

ဖိုင်ထဲမှာ စာရှာဖို့အတွက်သုံးတဲ့ command ဖြစ်ပါတယ်။

Ctrl + Shift + F

ကိုယ်ထားခဲ့တဲ့ ဖိုင်က ဘယ်သောင်ပြင် ဘယ်ကမ်းပါးမှန်းလည်းမသိဘူး။ ဒါ့အပြင် အဲဒီကုဒ်ကလည်းတိုင်ပတ်နေတယ်ဆိုရင်တော့ သုံးပျော်တဲ့ Command တစ်ခုပါ။ folder တစ်ခုလုံးထဲမှာရှိတဲ့ ကိုယ်လိုချင်တဲ့ ဖိုင်ထဲက စာကို တမ်းနေအောင်ရှာနိုင်ပါတယ်။

Alt + F4 (or) Ctrl + Q

ဇာတ်တော်ထဲက အကြမ်းဆုံးဆိုရင်တော့ Alt + F4 ပါပဲ။ အကုန်လုံးပိတ်သွားပါတယ်။

Ctrl + W

ဖိုင်တွေကို တစ်ဖိုင်ချင်းပိတ်ချင်တယ်ဆိုရင် သုံးတဲ့ command ဖြစ်ပါတယ်။

Ctrl + Shift + P

Command Pallette ကိုတိုက်ရိုက်ဖွင့်နိုင်ပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ အဲဒီကနေတစ်ဆင့် ကိုယ်သွင်းချင်တဲ့ package တွေကို တမ်းသွင်းလို့ရပါတယ်။

Ctrl + Space

ကိုယ်ရိုက်ချင်တဲ့စာကို အလိုလျောက်ပြီးအောင်ရိုက်တဲ့စနစ်ဖြစ်ပါတယ်။ Programming ပိုင်းမှာအလွန်အသုံးများပါတယ်။

Ctrl + P

project ထဲက ဖိုင်တွေကို ကိုယ်လိုချင်တဲ့ဖိုင်ကို နာမည်ရိုက်လိုက်ရုံနဲ့ လိုက်ဖွင့်ပေးတာဖြစ်ပါတယ်။ project အတွင်းပဲနော်။

Ctrl + /

ကိုယ်ရေးထားတဲ့ကုဒ်တွေကို comment အောက်ချင်တယ်ဆိုရင်သုံးတာဖြစ်ပါတယ်။ သက်ဆိုင်ရာ programming language အလိုက် comment out ပေးပါတယ်။

Ctrl + Z 

Undo လုပ်ချင်ရင်သုံးပါတယ်။ Redo ဆိုရင်တော့ Ctrl + Y ပါ။

Ctrl + (1..9)

ကိုယ်ဖွင့်ထားတဲ့ဖိုင်တွေထဲက ကြိုက်တဲ့ဖိုင်ကို ခုန်သွားလို့ရပါတယ်။ tab ထဲက ထိပ်ဆုံးကိုသွားချင်တယ်ဆိုရင် Ctrl + 1 လို့ရိုက်လိုက်ရုံနဲ့တင် လိုရာရောက်သွားမှာပါ။

ဒီလောက်command နဲ့ဆိုရင် အသုံးပြုမယ့်သူတွေလည်း အနည်းနဲ့အများ အဆင်ပြေလောက်မယ်ထင်ပါတယ်။ အားလုံးရွှင်လန်းချမ်းမြေ့ပါစေ။

 

၂၀၀၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၁၀ တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ(ဂုဏ်ထူး) ဘွဲ့ဖြင့်အောင်မြင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ PHP, Laravel တို့ကို HTML5, CSS Developer အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မစတင်၍ Lovely Family Host ကို စတင်တည်ထောင်ပြီး Web Design, Development နှင့် Server Administration တို့ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနောက်ဆုံးတွင် Lovely Family Host တွင် တည်ထောင်သူနှင့် ဦးဆောင်လှုပ်ရှားသူအဖြင့် လုပ်ကိုင်လျက်ရှိပါသည်။