/WordPress မှာသုံးသင့်တဲ့ plugin များ

WordPress မှာသုံးသင့်တဲ့ plugin များ

Reading Time: 1 minute

WordPress ဆိုတာ ဒီနေ့ခေတ်မှာ လူတိုင်းစိမ်းတဲ့အရာတစ်ခုတော့မဟုတ်တော့ပါဘူး။ blogger တိုင်း၊ site builder တိုင်းအသုံးပြုနေကြတဲ့ အသုံးဝင်တဲ့ web application တစ်ခုလည်းဖြစ်ပါတယ်။ ဒီတော့ wordpress အတွက်အသုံးဝင်မယ့် plugin များကိုတင်ပြလိုက်ပါတယ်။

Easy Google Fonts

Google Font တွေကို တစ်စုတစ်စည်းတည်းရနုိင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ကိုယ့်ဆိုက်မှာလိုချင်တဲ့ဖောင့်တွေကို google fonts ကနေပြီးဆွဲထားလို့ရတော့ ဆိုက်မှာ ဖောင့်လှလှလေးတွေသုံးလို့ရတာပေါ့။

Google Analytics Dashboard for WP (GADWP)

ကိုယ့်ဆိုက်ကို လူဘယ်နှစ်ယောက်ဝင်ကြည့်သွားတယ်ဆိုတာကို Google Analytics ကိုကြည့်ပြီးတော့ဆုံးဖြတ်လို့ရပါတယ်။ အဲဒါကို အမြဲတမ်းသွားပြီး တကူးတက ကြည့်မလား။ ကိုယ့် Dashboard ထဲမှာပဲကြည့်မလားဆိုတာကို ရွေးချယ်လို့ရပါတယ်။ ဒီ plugin လေးကတော့ ဆိုက်ကိုဝင်ကြည့်တဲ့သူပမာဏကို ကြည့်လို့ရပါတယ်။

Instant Articles for WP

ဖေ့ဘုတ်မှာ post တစ်ခုကိုဝင်ကြည့်ချင်တယ်ဆိုရင် အမဲရောင် ဘားတန်းလေးနဲ့ထွက်လာတာမျိုးကို လုပ်ချင်တယ်ဆိုရင် instant articles ကို လုပ်မှရပါတယ်။ ဒီplugin ဟာ Facebook က တရားဝင်ထုတ်ပေးထားတဲ့ plugin ဖြစ်ပြီး အလုပ်တော်တော်များများနဲ့အဆင်ပြေပါတယ်။

Read Time WP

စာဖတ်မယ့်အချိန် ခန့်မှန်းကိုရေးပေးတာဖြစ်ပါတယ်။ ဘယ်နှမိနစ်ဖတ်ရမယ်ဆိုတာကို ခန့်မှန်းရေးပေးထားတဲ့အတွက်ကြောင့် စာရှည်တယ်မရှည်ဘူးဆိုတာကိုပါသိနိုင်ပါတယ်။

Yoast SEO

ဆိုက်မှာ ကောင်းကောင်းလည်ပတ်နိုင်ဖို့ဆိုတာ Search Engine တွေရဲ့ပူးပေါင်းပါဝင်မှုတွေနဲ့လည်းပတ်သက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်စသုံးကြည့်တဲ့အချိန်မှာ အလွန်ကိုသဘောကျလို့ အဲဒီ plugin လေးကို စွဲစွဲမြဲမြဲ သုံးဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၁၀ တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ(ဂုဏ်ထူး) ဘွဲ့ဖြင့်အောင်မြင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ PHP, Laravel တို့ကို HTML5, CSS Developer အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မစတင်၍ Lovely Family Host ကို စတင်တည်ထောင်ပြီး Web Design, Development နှင့် Server Administration တို့ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနောက်ဆုံးတွင် Lovely Family Host တွင် တည်ထောင်သူနှင့် ဦးဆောင်လှုပ်ရှားသူအဖြင့် လုပ်ကိုင်လျက်ရှိပါသည်။