/Phishing Attack

Phishing Attack

Reading Time: 1 minute

Phishing Attack ဆိုတာ အင်တာနက်ပေါ်မှာ ထင်ယောင်ထင်မှားဖြစ်အောင်ပြုလုပ်ပြီးတိုက်ခိုက်တဲ့ တိုက်ခိုက်နည်းတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အီးမေးလ် တွေနဲ့ ဘဏ်ငွေကြေးအချက်အလက်တွကိုရယူနိုင်ဖို့အတွက်တိုက်ခိုက်မှုတွေကိုပြုလုပ်တတ်ကြပါတယ်။

တိုက်ခိုက်ပုံတိုက်ခိုက်နည်း

တိုက်ခိုက်တဲ့ပုံက ရိုးရှင်းပါတယ်။ ဒိုမိန်းတစ်ခုကို ဆင်တူယူထားတယ်။ ဥပမာ- facebook.com အယောင်ဆောင်တိုက်ချင်တယ်ဆိုရင် face-book.com, faceb00k.com ဆိုတာမျိုးနဲ့ ဒိုမိန်းကိုအယောင်ဆောင်လိုက်ပါတယ်။ ပြီးရင် အတုိက်ခံရမယ့်သူဆီကို ထင်ယောင်ထင်မှားဖြစ်စေမယ့် mail တစ်ခုကို စပို့ပါတယ်။ Password reset ချပါ။ အကောင့်ဟာမလုံခြုံတော့ဘူးဆိုပြီးတော့ပါ။

အဲဒီမှာကြောက်သွားတဲ့သူတွေက သူတို့ဆင်ထားတဲ့ထောင်ချောက်ထဲကို သာယာဖြောင့်ဖြူးစွာ ဆင်းသက်သွားတော့တာပါပဲ။ password ပြောင်းမယ်ဆိုပြီး သူတို့ဆိုက်ကိုဝင်သွားလိုက်တဲ့အချိန်မှာ ဆိုက်က လုံးဝဆင်တူအောင်လုပ်ထားပါလိမ့်မယ်။ ဒါပေမယ့် အပေါ်က လိပ်စာကတော့ တက်တက်စင်အောင်လွဲနေပါလိမ့်မယ်။

ကိုယ်က password ပြောင်းရမှာဆိုတော့ ထုံးစံအတိုင်း password အဟောင်းကို ပေးရမှာဆိုတော့ password အဟောင်းလည်းပေးလိုက်ရော.. အိုး.. ကိုယ်လက်ရှိသုံးနေတဲ့ အချက်အလက်တွေက သူတို့ဆီရောက်သွားပါလေရော။

မေးစရာတစ်ခုတော့ရှိပါလိမ့်မယ်။ ငါတို့ password တွေကို သူတို့ရသွားတော့ ဘာများလုပ်လို့ရမှာတုန်းဆိုရင်တော့ စာဖတ်သူကိုယ်စား ပြစ်မှုတွေကို အများကြီးကျူးလွန်သွားလို့ရပါလိမ့်မယ်။

ဘဏ်အချက်အလက်၊ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အသုံးပြုပြီးတော့ စာဖတ်သူ မသိလုိက်ပဲ တခြားသူတွေကုိဆက်သွယ်တာ၊ ငွေတောင်းခံတာတွေကို ပြုလုပ်သွားနိုင်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ

password reset စာတွေဝင်လာရင်လိပ်စာကိုကြည့်ပါ။ ပို့တဲ့သူကိုကြည့်ပါ။ password ပြောင်းသင့်တယ်လို့ထင်ရင်တောင် တမ်းဝင်လိုက်တာမျိုးမဟုတ်ပဲ သက်ဆိုက်ရာဆိုက်ကိုတိုက်ရိုက်သွားပြီးမှာ ပြောင်းဝင်ပါလို့ပဲ အမှာပါးလိုက်ပါရစေ။

၂၀၀၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၁၀ တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ(ဂုဏ်ထူး) ဘွဲ့ဖြင့်အောင်မြင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ PHP, Laravel တို့ကို HTML5, CSS Developer အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မစတင်၍ Lovely Family Host ကို စတင်တည်ထောင်ပြီး Web Design, Development နှင့် Server Administration တို့ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနောက်ဆုံးတွင် Lovely Family Host တွင် တည်ထောင်သူနှင့် ဦးဆောင်လှုပ်ရှားသူအဖြင့် လုပ်ကိုင်လျက်ရှိပါသည်။