/ကိုယ်ပိုင် website မှာဘာတွေပါသင့်လဲ

ကိုယ်ပိုင် website မှာဘာတွေပါသင့်လဲ

Reading Time: 1 minute

မနေ့ကအထိ လုပ်ငန်းရှင်တွေနဲ့ပြောနေတုန်းပဲရှိသေးတယ်။ ဒီနေ့တော့ကိုယ့်ဆိုက်လေးကလည်း ဘာမှမလုပ်ဖြစ်တာကြာပြီဆိုတော့ တစ်ကိုယ်ရည်တကာယ website ကိုပြန်လုပ်ဖို့စဉ်းစားမိပါတယ်။ အဲဒီမှာပဲ ကိုယ်လို ကြံရာမရဖြစ်ပြီး ကိုယ်ပိုင် Website ကို ဘာလုပ်ရမှန်းမသိဖြစ်နေကြသော လူများအားလုံးအတွက် ရည်ရွယ်ပြီးတော့ ဒီစာလေးကိုရေးလိုက်ပါတယ်။ Portfolio ဆိုက်ရေးချင်သူတွေအတွက်တော့ အကိုက်ပါပဲ..

ဆိုက်တိုင်းရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့အချက်တွေကို အရင်ပြောပြပါမယ်။ Website ဆိုတာ လူတိုင်းရဲ့ ဒုတိယအရောင်းကိုယ်စားလှယ်လို့တောင် ပြောကြတဲ့အတွက် ကိုယ်ဟာ Freelancer တစ်ယောက်ဖြစ်မယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ငန်းကျွမ်းကျင်မှုကိုလည်း လူတိုင်းက လာရောက်မြင်တွေ့ဖို့လည်းလိုအပ်ပါတယ်။ တော်တော့တော်တယ်။ ဘာတော်မှန်းမသိရင် ကိုယ်နဲ့အလုပ်ဘာလုပ်မလဲနော်..

ကိုယ်ပိုင်ဆိုက်ထောင်မယ်ဆိုရင်အောက်ပါ tab တွေ အကြမ်းဖျဉ်းလိုပါတယ်။

Home

ပင်မစာမျက်နှာကတော့လိုတယ်လေ။ ကိုယ်ဟာဘယ်သူ ဘာတွေလုပ်တယ်ဆိုတာကို အကြမ်းဖျဉ်းဖော်ပြပေးဖို့လိုအပ်ပါလိမ့်မယ်။

အနည်းဆုံးတော့ ကြိုဆိုပါ၏လောက်တော့ လုပ်ထားသင့်တယ်ဟုတ်။

About Me

ဘယ်အတန်းကို ဘယ်လိုတက် ဘယ်လိုအောင်ဆိုတာမျိုးကိုတော့ ရေးသင့်တာပေါ့။ အဲဒါမှာ ကိုယ်ဟာ ဘယ်နေရာမှာတော်ကြောင်း တတ်ကြောင်းနဲ့ ဘာတွေလုပ်နေကြောင်းကိုထင်ရှားအောင်ပြောပြနိုင်မှာဖြစ်ပါတယ်။ ဆိုက်ထဲမှာ အလုပ်ဘယ်အလုပ်လုပ်နေကြောင်း၊ ရာထူးဘယ်လောက်ရှိကြောင်း ပြောသင့်ပါတယ်။ ဘယ့် ပရောဂျက်တွေကို ဦးဆောင်နေကြောင်းလည်း လိုအပ်ပါတယ်လေ။

Contact Me

စိတ်ဝင်စားမယ် ဆက်သွယ်ချင်တယ်ဆိုရင် အလုပ်အပ်ဖို့ဆက်သွယ်စရာတစ်ခုတော့ ပေးထားသင့်ပါတယ်လေ။ အမျိုးသားတွေဆိုရင်တော့ ဖုန်းနံပါတ်လောက်ပေးပေးပေါ့.. မတ်မတ်တွေဆိုရင်တော့လည်း Contact Form လောက်ထည့်ထားသင့်ပါတယ်။

Gallery

မိမိဟာ သိပ်ချောမောလှပတယ်။ သို့မဟုတ် အရမ်းကို ဓာတ်ပုံစားတယ်ဆိုရင်တော့ Gallery ဆိုတာမျိုးကို ထားသင့်ပါတယ်။ ကိုယ့်လုပ်ငန်းနဲ့ပတ်သက်တဲ့ ပုံတွေ ပွဲတွေကို တစုတစည်းထဲတင်ထားတာပဲဖြစ်ဖြစ်။ ပန်းချီ အနုပညာလုပ်လို့ ကိုယ့်လက်ရာတွေကို တင်ထားတာပဲဖြစ်ဖြစ် လုပ်သင့်တာပေါ့။

Blog

စာရေးဆရာတွေအကြိုက်လာပါပြီ။ ကိုယ့်ကဗျာ စာတွေကို တစ်စုတစ်စည်းထဲတင်ထားဖို့လိုပါတယ်။ အဲဒီလိုတင်ထားချင်တယ် သို့မဟုတ် ကိုယ့်အယူအဆတွေကို ချပြချင်တယ်ဆိုရင်တော့ ဒါမျိုးမှာ လက်သွေးလို့သိပ်ကောင်းတာပါပဲ။

Social Link

လူနဲ့တိုက်ရိုက်ပြောချင်တယ်ဆိုရင် Social Link တွေကို ချပေးထားသင့်ပါတယ်။ အဲဒါမှ ဆိုက်ကနေတစ်ဆင့်ကိုယ့်ဆီကို တိုက်ရိုက်လာလို့ရမှာကိုး.

၂၀၀၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၁၀ တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ(ဂုဏ်ထူး) ဘွဲ့ဖြင့်အောင်မြင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ PHP, Laravel တို့ကို HTML5, CSS Developer အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မစတင်၍ Lovely Family Host ကို စတင်တည်ထောင်ပြီး Web Design, Development နှင့် Server Administration တို့ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနောက်ဆုံးတွင် Lovely Family Host တွင် တည်ထောင်သူနှင့် ဦးဆောင်လှုပ်ရှားသူအဖြင့် လုပ်ကိုင်လျက်ရှိပါသည်။