/ကိုယ်ပိုင် blog ရေးချင်တဲ့သူတိုင်းသိသင့်တဲ့အချက်များ

ကိုယ်ပိုင် blog ရေးချင်တဲ့သူတိုင်းသိသင့်တဲ့အချက်များ

Reading Time: 1 minute

ကျွန်တော်ကိုယ်တိုင်လည်း blog ကိုရေးတာပါပဲ။ အဲဒါကြောင့်မို့ လူကြီးမင်းတို့လည်း ဒီစာကိုဖတ်နေရတာပေါ့နော်.. မရေးရင်တော့လည်း ဒီစာ ဘယ်လိုလုပ်ထွက်လာတော့မတုန်း။ ထားပါတော့။ အခု ကျွန်တော့်လိုကိုယ်ပိုင် blog ရေးချင်တဲ့ သူတိုင်းသုံးသင့်တဲ့ software တွေကို လမ်းညွှန်လိုက်ပါရစေ။ အဲဒီအထဲမှာ  webapps တွေလည်းပါမှာဖြစ်သလို word processing software လိုမျိုးတွေလည်းပါပါလိမ့်မယ်။

မရေးခင်သိထားသင့်သမျှ

ကိုယ်က  blog ရေးတယ်ဆိုတာ အွန်လိုင်းပေါ်မှာတက်ပြီးတော့ ကိုယ့်ယုံကြည်ချက် ခံစားချက်တွေကို မျှဝေတာဖြစ်ပါတယ်။ လူမှုကွန်ရက်တွေမှာလည်း မျှလို့ရတယ်ဆိုပေမယ့် ကိုယ့်စာကို တန်ဖိုးထားတဲ့သူတိုင်းဟာ ကိုယ်ပိုင် blog ကိုရေးကြပါတယ်။

Blog တစ်ခုမှာ ပါသင့်တာ

ကိုယ်ပိုင် website တစ်ခုမှာ ပါသင့်တာတွေအားလုံးဟာ ကိုယ်ပိုင် blog မှာလည်းပါသင့်ပါတယ်။ ကိုယ်ပိုင် website တစ်ခုမှာပါသင့်တာတွေကို ဒီစာမျက်နှာ မှာ ဖတ်ရှု့နိုင်ပါတယ်။

အဲဒီမှာ blog ပိုင်းလိုအပ်ချက်တွေကို ဒီစာပိုဒ်ကလေးက ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်။

ကြိုငြင်းရမယ့်အချက်ကတော့ ကျွန်တော်ကိုယ်တိုင်လည်း Developer ဖြစ်ပြီး blogging အပိုင်းကို အခုဆိုက်ထောင်ရင်း လေ့လာနေဆဲမို့ လိုက်လံလုပ်ကိုင်လို့ အမှားအယွင်းဖြစ်ရင် တာဝန်မယူပါ။

Blog ဦးတည်ချက်

Blog တိုင်းမှာ ဦးတည်ချက်ရှိဖို့အများကြီးလိုအပ်ပါတယ်။ ကိုယ်ဟာ ဘယ်လိုစာဖတ်သူကိုမျှော်လင့်သလဲဆိုတာကို တိတိပပသိဖို့လိုအပ်ပါတယ်။ မဟုတ်ရင် သင့်ဆိုက်က ပေါ်ပင်ဆိုက်တစ်ခုလိုပါပဲ။ နောက်ပိုင်းကျရင် ဝင်ကြည့်မယ့်သူဟာ တစ်ခြားတစ်ဖက်ကိုလှည့်သွားမှာပါပဲ။

အဲဒီအတွက်ကြောင့် ဆိုက်မှာဦးတည်ချက်ရှိဖို့ အရေးကြီးပါတယ်။ ကျွန်တော့်ဆိုက်မှာလည်း ဦးတည်ချက်တစ်ခုရှိပါတယ်။ အဲဒီဦးတည်ချက်ကြောင့်ပဲ လူကြီးမင်းလည်း ကျွန်တော့်ဆိုက်ကို တစ်ခုတ်တရလာကြည့်ရတာပဲမဟုတ်ပါလား။

Blog Deign နှင့် Layout

Blog Design ဆိုရင်လိုအပ်ပါမလားလို့ မေးပါလိမ့်မယ်။ ဒါပေမယ့် ဒီဇိုင်းမကောင်းရင် လူတိုင်းစာမဖတ်ချင်ပါဘူး။ လူတိုင်းဟာ စာအုပ်မဖတ်ခင် စာအုပ်မျက်နှာဖုံးကိုကြည့်တယ်ဆိုသလိုပါပဲ blog တစ်ခုကိုဖတ်မယ်ဆိုရင်လည်း blog Design ကိုလူတိုင်းကြည့်ပါတယ်။ ကြည့်ရှု့ချင်စရာကောင်းပြီးရှင်းလင်းတဲ့ ဒီဇိုင်းကို လူတိုင်းကြိုက်ပါတယ်။ ဒါပေမယ့် ရှုပ်ရှက်ခပ်နေတဲ့ ဒီဇိုင်းကို ဘယ်သူမှမနှစ်သက်ကြပါဘူး။

Layout ပိုင်းကိုလည်းကြည့်ကြရအောင်။ Layout ဆိုတာက အစီအစဉ်ချထားတဲ့အပိုင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ စာတွေက အစီအစဉ်မကျဘူး။ ကိုယ်ရေးထားတဲ့အခန်းဆက်တွေက ရောက်ချင်တဲ့နေရာကနေ ပြချင်သလိုပြနေတယ်ဆိုရင် စာဖတ်သူမပြောနဲ့ စာရေးသူကိုယ်တိုင်လည်း ဖတ်ချင်စိတ် တော်တော်ကုန်သွားပါတယ်။ အဲဒီအတွက် စီစဉ်တဲ့အပိုင်းမှာလည်းပြင်ဆင်မှုရှိဖို့လိုအပ်ပါလိမ့်မယ်။

အချက်အလက်ပိုင်း

ကိုယ်ဟာ အောင်မြင်ပြီးသား စာရေးဆရာဆိုရင်တော့လည်းတစ်မျိုးပေါ့။ အဲဒီလိုမဟုတ်ပဲ ကျွန်တော်တို့လို ဝါသနာပါလို့ လုပ်ချင်တယ်ဆိုရင်တော့ အချက်အလက်ပိုင်းကိုလည်း အလေးထားဖို့လိုအပ်ပါတယ်။ ကိုယ်ပိုင်အချက်အလက်ကို တင်တာကတော့အကောင်းဆုံးပါပဲ။ နူနူဝဲဝဲ ကိုယ့်အချက်အလက်ကတော့ ကိုယ်ပိုင်ပါတယ်။ အချက်အလက်ကို အလေးထားတယ်ဆိုတာ အသုံးပြုသူတွေကို ဝေဝါးအောင်ပြုလုပ်ထားတဲ့ စာတွေမဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကျ အစီအစဉ်တကျ ရေးထားတဲ့ စာတွေပါ။ အခန်းဆက်ဆိုရင်လည်း ကျကျနန ရေးထားတာမျိုးဆိုရင်တော့ လူတိုင်းကြိုက်ပါတယ်။

ဖတ်ရှု့ချိန်ဆိုရင်လည်း အနည်းဆုံး ၂မိနစ်စာလောက်တော့ ကြိုးစားရေးသင့်ပါတယ်။ အကောင်းဆုံးကတော့ ၃ မိနစ်စာလောက်က အကောင်းဆုံးပါပဲ။ ကိုယ့်စာကို ၃ မိနစ်လောက်အချိန်ပေးဖတ်တဲ့ စာဖတ်သူဟာ တော်ရုံစာဖတ်သူမဟုတ်ပါဘူး။ ၁ မိနစ်အောက်ဆိုရင်တော့ စာဖတ်ရတဲ့သူဟာ ဘာမှရမှာလည်းမဟုတ်သလို ဘာပြောချင်မှန်းတောင် မသိလိုက်နိုင်ပါဘူး။ ဒါပေမယ့် ၃ မိနစ်လောက်ဆိုရင်တော့ ကိုယ်စာရေးညံ့ရင်တောင် ခန့်မှန်းလို့ ရလောက်ပြီထင်ပါတယ်။ ၅ မိနစ်လောက်ဆိုရင်တော့ စာရှည်သွားရင် အီသွားနိုင်တဲ့အတွက်ကြောင့် အမြဲတမ်းတော့ အားမပေးချင်ပါဘူး။

အနှစ်ချုပ်ပြောရရင် ကိုယ်ပိုင်စာရေးတယ်ဆိုတာလွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ အဲဒီလို ဟာမျိုးကို ဓားမဦးချ စလုပ်တော့မယ်ဆိုကတည်းက တော်ရုံ အင်အားနဲ့ လုပ်တာမဟုတ်ဘူးလို့လည်း ယုံကြည်ပါတယ်။ အဲဒီတော့ ဒီအကြံဉာဏ်များကို အသုံးပြုပြီးတော့ အကောင်းဆုံး blog တစ်ခုကို တည်ထောင်ပြီး စာရေးခြင်းဖြင့် အသက်မွေးနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။စင

၂၀၀၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၁၀ တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ(ဂုဏ်ထူး) ဘွဲ့ဖြင့်အောင်မြင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ PHP, Laravel တို့ကို HTML5, CSS Developer အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မစတင်၍ Lovely Family Host ကို စတင်တည်ထောင်ပြီး Web Design, Development နှင့် Server Administration တို့ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနောက်ဆုံးတွင် Lovely Family Host တွင် တည်ထောင်သူနှင့် ဦးဆောင်လှုပ်ရှားသူအဖြင့် လုပ်ကိုင်လျက်ရှိပါသည်။