/Medium ရှိပြီးသူများ Domain နဲ့ တွဲကြမယ်

Medium ရှိပြီးသူများ Domain နဲ့ တွဲကြမယ်

Reading Time: 1 minute

ကျွန်တော်တို့ ၂၀၁၁ လောက်တုန်းက ဒိုမိန်းကို ဘယ်လိုဝယ်ရမှန်းမသိလို့ ရန်ကုန်မှာ ဒိုမိန်းရောင်းတဲ့နေရာကလည်း ရှားကရှား အလုပ်လည်းမဖြစ်တာနဲ့ အတော်စောင့်လိုက်ရပါတယ်။ နောက်ဆုံး သတင်းစာထဲမှာ ဒိုမိန်းဝယ်ပေးသည်ဆိုတဲ့ ဆိုင်တစ်ဆိုင်ကို လသာလမ်းနားမှာ တွေ့လိုက်လို့ သွားပြီးဝယ်လိုက်ပါတယ်။ (အဲဒီဆိုင်ရဲ့ ကျေးဇူးနဲ့ နောက်ပိုင်းမှာ ကျွန်တော် ဒီလုပ်ငန်းလေးကို စဖြစ်တာပါပဲ။)

အခုနှစ် ၂၀၁၈ မှာတော့ ကျွန်တော်တို့ နယ်ပယ်ထဲက ထင်ရှားသူအချို့က Medium ကိုစသုံးလာကြတော့ ကျွန်တော်ကိုယ်တိုင်လည်းသုံးပါတယ်။ နောက်ပိုင်းမှာအဆင်ပြေလာတဲ့အတွက်ကြောင့် Medium ကိုပြောင်းသုံးကြည့်ပါတယ်။ စာဖတ်ရတဲ့သူအတွက်လည်း အဆင်ပြေ၊ ရေးတဲ့သူအတွက်လည်း အရမ်းသက်သာတဲ့အတွက်ကြောင့် သုံးဖြစ်ပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေကို Medium ပေါ်ကို တင်မလာပါစေနဲ့လို့လည်း ဆုတောင်းရပါသေးတယ်။

ထားပါတော့။ ကျွန်တော်ပြောချင်တာက အဲဒီဟာမဟုတ်ပါဘူး။ ဆိုလိုချင်တာက ကိုယ်ဟာ Medium ပေါ်မှာ စာရေးနေပြီ သို့မဟုတ် ဆိုက်တစ်ခုလည်းမဝယ်ချင်ဘူး ရေးပြီးသားလည်းရှိနေပြီဆိုရင် ကျွန်တော်တို့ Lovely Family Host ကနေပြီးတော့ ဒိုမိန်းဝယ်ပြီးရင် ဒါမျိုးလုပ်လို့လည်းရပါတယ်။

ပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ ဒိုမိန်းတစ်ခုကိုဝယ်လိုက်ပါ။ လိပ်စာကတော့ domainsearch.lovelyfamilymm.com ဖြစ်ပါတယ်။ အဲဒီမှာကိုယ်လိုချင်တဲ့ Domain ကိုရှာနိုင်ပါတယ်။ အဆင်ပြေတာကို ဝယ်လိုက်ပြီးတော့ ပရိုမိုးရှင်းရရင် မြန်မာငွေ ၄၀၀၀ လောက်ကနေတောင် ကံကောင်းထောက်မ ရနိုင်ပါသေးတယ်။

ထားပါတော့ အရင်ဆုံး domainsearch.lovelyfamilymm.com မှာဝယ်ရမှာ ပျင်းနေရင်လည်း fb.com/lovelyfamilymm မှာ လဝယ်ကြလေနော်.. ကိုယ့်ဟာကိုယ်ဖောင်ဖြည့်ခိုင်းပြီး ဝယ်ပေးလိုက်ပါ့မယ်။

ပြီးရင် ဒါမျိုးရမယ်ပေါ့ဗျာ.. အောက်က ဓာတ်ပုံလေးကို ရှု့စားလိုက်ပါဦး။

အဲဒီမှာ Login ဝင်လိုက်ရင် ဒါမျိုးတွေ့မှာဗျ..

ခဏလေးစောင့်လိုက်ရင် ဒိုမိန်းစာရင်းနားကိုရောက်လာပါမယ်။.. အဲဒီထဲက ကိုယ်ချိတ်ချင်တဲ့ ဒိုမိန်းကို ရွေးချိတ်လိုက်ပါ။

အဲဒီမှာ Domain Forward ဆိုတဲ့အပိုင်းကိုသွားလိုက်ပါ

အဲဒီမှာ ကိုယ် Forward လုပ်ချင်တဲ့ ဒိုမိန်းလိပ်စာကို Forward ထည့်ပေးလိုက်ပါ။

အကယ်၍များ ထည့်ရခက်နေရင်လည်း တအားအပင်ပန်းမခံပါနဲ့။ ကျွန်တော်တို့ Lovely Family Host က အဲဒီအလုပ်ကို လုပ်ပေးပါရစေ။ လိုချင်တဲ့ Domain နဲ့ ချိတ်ချင်တဲ့ လိပ်စာကိုပဲ ပေးလိုက်ပါ။ ကျွန်တော်တို့ အဆင်ပြေအောင်ချိတ်ဆက်ပေးပါမယ်လို့…

 

၂၀၀၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၁၀ တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ(ဂုဏ်ထူး) ဘွဲ့ဖြင့်အောင်မြင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ PHP, Laravel တို့ကို HTML5, CSS Developer အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မစတင်၍ Lovely Family Host ကို စတင်တည်ထောင်ပြီး Web Design, Development နှင့် Server Administration တို့ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနောက်ဆုံးတွင် Lovely Family Host တွင် တည်ထောင်သူနှင့် ဦးဆောင်လှုပ်ရှားသူအဖြင့် လုပ်ကိုင်လျက်ရှိပါသည်။