/ကိုယ်ပိုင် Email နဲ့အခမဲ့ မေးလ် ဘာကိုသုံးသင့်လဲ

ကိုယ်ပိုင် Email နဲ့အခမဲ့ မေးလ် ဘာကိုသုံးသင့်လဲ

Reading Time: 1 minute

ကျွန်တော်အပါအဝင်လူတိုင်းအသုံးပြုနေကြတဲ့ Email တွေဟာ အခမဲ့တွေ အတော်ကိုများပြားပါတယ်။ အထူးသဖြင့် Gmail, Yahoo, Hotmail တို့အပါအဝင် Sailormoon တို့ကိုတောင်သုံးခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒါတွေကို သုံးတဲ့ကောင်းခြင်းဆိုးခြင်းတွေကိုတော့ ကျွန်တော်တို့ များသောအားဖြင့် မသိကြပါဘူး။

မသိတာလည်း ဆန်းလာဆိုရင်တော့လည်း မဆန်းပါဘူး။ ကိုယ့်အနားမှာကြည့်လိုက်တယ်ဆိုရင်တောင် လူတိုင်းက အခမဲ့ရတဲ့ မေးလ်တွေကို လုပ်ငန်းသုံးတောင် သုံးနေကြသေးတာ ဒါများဘာဆန်းလဲဆိုရင်တော့လည်း မဆန်းပါဘူး။ ဒါပေမယ့် ဆန်းတာတစ်ခုကတော့ ကိုယ်လုပ်ငန်းအဆင့်သတ်မှတ်ချက်ဟာ ကိုယ်သုံးတဲ့ Mail ပေါ်မှာမူတည်တယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။ အဲဒီအကြောင်းကို အခု Blog post လေးမှာ ပြောပြလိုက်ပါတယ်။

အရင်ဆုံး အခမဲ့ Email တွေအကြောင်းကို အရင်ဆုံးပြောပြပါမယ်။ ကောင်းလားဆိုရင်တော့ ပထမဆုံးအားသာချက်ကတော့ ပိုက်ဆံကုန်ကျမှုနည်းတဲ့အတွက် ကောင်းပါတယ်။ အခမဲ့ Email ဟာ ငွေကုန်ကျမှု လုံးဝမရှိတဲ့အတွက်ကြောင့် သုံးသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။

တခြားကောင်းတာကတော့ အဲဒီအခမဲ့ မေးလ်တွေကို လုပ်ငန်းကြီးတွေက အခမဲ့ပေးထားတဲ့အတွက်ကြောင့် ဝန်ဆောင်မှု အမြင့်မားဆုံးသုံးနိုင်ပါတယ်။ အဲဒီအတွက်ကြောင့် သူတို့လည်း Feature အသစ်တွေကို စမ်းသပ်နိုင်သလို ကျွန်တော်တို့လည်း အခမဲ့သုံးရတဲ့အတွက်ကြောင့် စိတ်ချမ်းသာတယ်ဟုတ်။

အကောင်းဆုံးကတော့ လုပ်ငန်းစလုပ်မယ့်သူအတွက်တော့ စရိတ်နည်းနည်းနဲ့ အလုပ်လုပ်နိုင်တာပါပဲ။

ဒါပေမယ့် အခုလုပ်ငန်းသုံး Email တွေကိုသုံးသင့်တဲ့အချိန်ကိုပြောပါမယ်။

အခမဲ့ Email ဆိုတာက gmail.com, yahoo.com တို့နဲ့ဆုံးတဲ့ email တွေကို အကြမ်းဖျဉ်းပြောတာဖြစ်ပါတယ်။ ကိုယ့်ဟာကိုယ် မဖွင့်တတ်လို့ ဆိုင်သွားပြီး ၃ ထောင်နဲ့ဖွင့်ခိုင်းလည်း နှစ်စဉ်ကြေး လစဉ်ကြေးမပေးရရင်တော့ အဲဒါက အခမဲ့ပါပဲ။

လုပ်ငန်းသုံးလို့ရတဲ့ Email ဆိုတာက .com, .net ကို ကိုယ်ကြိုက်တာနဲ့ တွဲသုံးလို့ရတဲ့ Email ကိုပြောတာပါ။ lovelyfamilymm.com, mybusiness.com လိုဟာမျိုးတွေဟာ ကိုယ်ပိုင်ဝယ်သုံးတဲ့ လုပ်ငန်းသုံး email တွေပါပဲ။

ဘာကွာလဲဆိုရင်တော့ အဖုံးမှာကတည်းက စပြီးကွာပါတယ်။ ကိုယ်သုံးတဲ့ စာအုပ်မှာ မျက်နှာဖုံးလှမှလိုချင်မှာပေါ့။ မလှတဲ့.. စုတ်ပြတ်နေတဲ့ စာအုပ်မျက်နှာဖုံးနဲ့ဟာဆိုရင်တော့ ဘယ်သူက ကြိုက်ပြီး လိုချင်မှာလဲလေ။ အဲဒီလိုပဲ လူကြီးမင်းလည်းဖွင့်လို့ရတယ်။ ကျွန်တော်လည်းဖွင့်လို့ရတယ်။ နောက်လူလည်းဖွင့်လို့ရတယ်ဆိုတဲ့ Email လိုဟာမျိုးနဲ့ လုပ်ငန်းမိတ်ဆက်စာလာတဲ့လုပ်ငန်းလိုဟာမျိုးကို လူကြီးမင်းရော ကျွန်တော်ရော ကြိုက်နှစ်သက်မှာမဟုတ်ပါဘူး။ ကျွန်တော်ဆိုရင်တော့ Gmail နဲ့ပို့တဲ့ မိတ်ဆက်စာတွေဆိုရင် စာပြန်လေ့မရှိတတ်ပါဘူး။

လုံခြုံရေးပိုင်းဆိုင်ရာမှာဆိုရင်လည်း ကိုယ်ပိုင်မေးလ်ဆိုရင် တစ်ခုခုဖြစ်သွားတာနဲ့ ချက်ခြင်းကို ပြန်လည်ဆယ်တင်ပိုင်ခွင့် အပြည့်ရှိပါတယ်။ အခမဲ့ မေးလ်တွေက သင်ပိုက်ဆံပေးထားတာမဟုတ်တဲ့အတွက်ကြောင့် ချက်ခြင်းပြန်ဆယ်ဖို့မဖြစ်နိုင်ပါဘူး။ အဲဒါကို သတိချပ်သင့်ပါတယ်။

ကိုယ် password မေ့သွားတဲ့အဖြစ်မျိုးကိုကြုံဘူးပါသလား။ ကြုံဘူးတယ်ဆိုရင်တော့ ဒိုမိန်းမေးလ်ကိုသုံးသင့်နေပါပြီ။ ကိုယ့် Mail စကားဝှက်ကို မေ့သွားတဲ့နောက်မှာ အကောင့်ပါပျက်သွားတတ်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။

ကိုယ်ပိုင်မေးလ်မှာဆိုရင် အကောင့်ပြောင်းချင်ရင် ချက်ခြင်းပြောင်းလိုက်လို့ရပါတယ်။ abc@example.com ကနေ def@example.com ဆိုတာကို ချက်ခြင်းပြောင်းလဲပစ်လိုက်နိုင်ပါတယ်။ အခြားအခမဲ့ဆိုက်တွေမှာဆို ဖြစ်နိုင်ပါမလား။

၂၄/၇ ဝန်ဆောင်မှုကိုရရှိနိုင်ဖို့အတွက် ဒိုမိန်းမေးလ်ကိုသုံးသင့်ပါတယ်။ ကိုယ့် မေးလ်ကို ကိုယ်သုံးမှ ၂၄/၇ ဝန်ဆောင်မှုရမှာပါ။ အခမဲ့သုံးနေရင်တော့ ကျလည်း ဝေလေလေပဲဖြစ်နေမှာပါ။

အဲဒီအတွက် အကျဉ်းချုပ်ပြောရမယ်ဆိုရင်တော့ ဒိုမိန်းမေးလ်ဆိုတာ လုပ်ငန်းတိုင်းအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ ဈေးကလည်းတစ်နှစ်လုံးမှု မြန်မာငွေ ၁သောင်း၈ထောင်လောက်ပဲကျတဲ့အတွက်ကြောင့် လုပ်ငန်းတိုင်းအတွက် မရှိမဖြစ်အရေးပါလို့ ဘယ်မှာပဲဖြစ်ဖြစ် ကိုယ့်ဒိုမိန်းလေး ဝယ်ပြီး အရယူလိုက်နော်။

Lovely Family က ဒိုမိန်းတွေမှာတော့ အခမဲ့ Email ၂ ခုပါတဲ့အတွက်ကြောင့် လုပ်ငန်းသုံး မေးလ်ကို ဈေးသက်သာစွာသုံးချင်သူတွေအတွက် အဆင်ပြေမယ်လို့လည်းယုံကြည်ပါတယ်လေ။ စမ်းကြည့်သင့်ပါတယ်။ fb.com/lovelyfamilymm မှာ ဝင်ကြည့်နိုင်ပါတယ်နော.. အားလုံးကျန်းမာချမ်းသာကြပါစေ။

၂၀၀၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၂၀၁၀ တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ(ဂုဏ်ထူး) ဘွဲ့ဖြင့်အောင်မြင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ PHP, Laravel တို့ကို HTML5, CSS Developer အဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မစတင်၍ Lovely Family Host ကို စတင်တည်ထောင်ပြီး Web Design, Development နှင့် Server Administration တို့ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုနောက်ဆုံးတွင် Lovely Family Host တွင် တည်ထောင်သူနှင့် ဦးဆောင်လှုပ်ရှားသူအဖြင့် လုပ်ကိုင်လျက်ရှိပါသည်။